လေထုညစ်ညမ်းမှုဖြေရှင်းရန် ဘန်ကောက်မြို့တော်၌ မိုးအတုရွာသွန်းရေး ဆောင်ရွက်

၁၆ ဇန်နဝါရီ

ထိုင်းအစိုးရသည် နိုင်ငံအတွင်းဖြစ်ပွားနေသော ဆိုးရွားသည့် လေထုညစ်ညမ်းမှုကိုကိုင်တွယ်ရန် အစီအစဉ်တစ်ခုအဖြစ် မိုးအတုရွာမည့် ကနဦးဆောင်ရွက်မှုတစ်ခုကို စတင်လိုက်သည်။

မော်တော်ကားများ၊ စက်ရုံများမှထွက်သည့် အခိုးအငွေ့များကြောင့် ဘန်ကောက်နှင့် အနီးဝန်းကျင်ဒေသများတွင် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေခဲ့ပြီး ခြောက်သွေ့ရာသီအတွင်း မိုးအနည်းငယ်သာ ရွာသွန်းမှုဖြစ်စေသည်။

အန္တရာယ်ရှိသော လေထုညစ်ညမ်းမှုအဆင့်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည့် အဆင့်ကန့် သတ်ချက်ထက် ကျော်လွန်သွားခဲ့ပြီး ပြီးခဲ့သည့် အပတ်အတွင်း မိုက်ခရိုဂရမ် ၇၀ မှ ၁၀ဝ ထိ ရောက်ရှိခဲ့သည်။

 

mdn

 

ထိုင်းအစိုးရသည် ယမန်နေ့က လေထုအတွင်း ဆိုဒီယမ်ကလိုရိုက်များ ပျံ့နှံ့ရောက်ရှိသွားကာ မိုးအတုရွာစေရန် လေယာဉ်နှစ်စင်းကို အသုံးပြုခဲ့သည်။ 

ဘန်ကောက်မြို့လယ်အပါအဝင် နေရာအတော်များတွင် မိုးများရွာသွန်းခဲ့သည်ဟု ထိုင်းအစိုးရက ဆိုသည်။

မျက်နှာဖုံးများ ဝေငှခြင်း၊ မီးသတ်ယာဉ်များ အသုံးပြု၍ ရေဖြန်းခြင်းတို့ လုပ်ဆောင်နေချိန်တွင် မိုးအတုရွာသွန်း ရေးကို ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အခြေအနေပိုမိုဆိုးရွားလာလျှင် အစိုးရက ကျောင်းများကို ပိတ်ပစ်ရန် စဉ်းစားရမည်ဖြစ်ကြောင်း ပြည်သူ့ကျန်း မာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များသို့ ပြောကြားခဲ့သည်။အဆိုပါပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရက စုပေါင်းကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။  

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်

 

mdn