လှိုင်းဘွဲမြို့နယ်  သပုထိုကျေးရွာရွာတွင်  လူဦးရေ (၁၃၆၉)ဦးအတွက် အကျိုးပြုမည့် ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်

လှိုင်းဘွဲ ၃၀ နိုဝင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အိမ်ထောင်စု (၁၉၉)စု၊ လူဦးရေ (၁၃၆၉)ဦး တို့အတွက် အကျိုးပြုမည့် သပုထိုကျေးရွာအုပ်စု သပုထိုကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း လုပ်ငန်းကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၉ ရက်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်းသည် လူထုဗဟိုပြုစီမံကိန်းမှ ထောက်ပံ့ငွေကျပ် ၁၇၃၀၀၀၀၀ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည်ပေ ၁၁၂၀၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ)တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှုဖြင့် ကျေးရွာသူ/ကျေးရွာသားတို့၏ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)