လွိုင်ကော် စက်တင်ဘာ ၄

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ စုစုပေါင်း ၁၀၀၈ ဒသမ ၆၉၂ သန်းဖြင့် လမ်းရှစ်လမ်း၊ Box Culvert တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပါ၍ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို ကယားပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်မျိုးသန်းနှင့် ပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်း စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

အဆိုပါ လမ်း၊ တံတား လုပ်ငန်းများပြီးစီးပါက ကျေးရွာခြောက်ရွာ၊ အိမ်ခြေ ၆၁၄ အိမ်၊ လူဦးရေ ၅၄၈၆ ဦးတို့အတွက် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့မည်ဖြစ်ပြီး လူမှုစီးပွားကဏ္ဍများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)