လွိုင်ကော် ဩဂုတ် ၁၂
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြည်နယ် လူငယ်ရေးရာ ကော်မတီဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်အားကစား သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာ စကားပြောကြားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ပေးပို့သည့်သဝဏ်လွှာကို လူမှုရေးရာဝန်ကြီးက ဖတ်ကြားကာ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယိုပြသမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် အားကစားနှင့် ပညာရေးကဏ္ဍတွင် ထူးချွန်ဆုရရှိသောလူငယ်များအား ဆုများပေးအပ် ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲတွင် တိုက်ကွမ်ဒိုအားကစားနည်းဖြင့် ရွှေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမား နှစ်ဦးနှင့် ဗဟိုအဆင့် အခြေခံပညာ(မူလတန်းအဆင့်) အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သည့် Grade -5 ကျောင်းသား တစ်ဦးတို့အား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


