ရန်ကုန် စက်တင်ဘာ ၇
လှိုင်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် လှိုင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲတွင် လှိုင်မြို့နယ် အခွန်ကောက်ခံမှုအထောက် အကူပြုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးက အမှာစကား ပြောကြားပြီး လှိုင်မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်အောင်မိုးက အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)


