နေပြည်တော် ၁၄ ဇန်နဝါရီ 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အဆင့်မြင့် (၅)ရပ်ကွက်၊ မဟာဆွေ(၅)လမ်းနေ ဒေါ်ညိုရီ (၅၇)နှစ်သည် ဇန်နဝါရီ ၁၂ ရက် နံနက် ၇ နာရီတွင် နေအိမ်မှ ရွှေတိဂုံစေတီတော်ကြီးသို့ ဘုရားဖူးသွားခဲ့ပြီး ၎င်းပိုင် ရွှေထည်ပစ္စည်းများနှင့် ငွေ ၆၀၀၀၀ဝ ကျပ် စုစုပေါင်း တန်ဖိုး ၃၄၄၀၀၀ဝ ကျပ်တို့အား အဝတ်အစားများထည့်သည့် ကော်ပုံးအတွင်း သိမ်းထားကာ သမက်ဖြစ်သူ ပဲခူးမြို့၊ ပြင်စည်ရပ်ကွက်နေ ထက်ဝေအောင် (၁၉)နှစ်အား အိမ်စောင့်အဖြစ်ထားခဲ့ကြောင်း သိရသည်။

၎င်းနေအိမ်သို့ ပြန်လည်ရောက်ရှိသောအခါ သမက်ဖြစ်သူအား မတွေ့ရှိသည့်အပြင် သိမ်းဆည်းထားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေများမှာ ပျောက်ဆုံးနေသဖြင့် စုံစမ်းရာ ထက်ဝေအောင် ခိုးယူသွားကြောင်း သိရှိရသောကြောင့် အရေးယူပေးပါရန် တိုင်တန်း၍ ထက်ဝေအောင်အား လှိုင်သာယာမြို့မရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

MDN
Credit: ရဲပြန်ကြား