၂၃ ဇန်နဝါရီ
ဘေရွတ်မြို့လယ်တွင် ရာပေါင်းများစွာရှိသည့် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ယမန်နေ့ညနေပိုင်းက ပဋိပက္ခများ ဖြစ်ပွားရာ လူပေါင်း ၅၂ဉီး ဒဏ်ရာရရှိခဲ့ကြောင်း LBCI TV ရုပ်သံသတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ဒဏ်ရာရရှိသူ ၁၂ ဉီးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီးနောက် အခြာသူ ၄၀ ဉီးကိုလည်း မြေပြင်တွင် ကုသမှုပေးခဲ့ကြောင်း လက်ဘနွန်ကြက်ခြေနီအသင်း အထွေထွေအတွင်းရေးမှူး ဂျော့စ်ကက်တီနက် က ပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆန္ဒပြသူများအား စစ်သားများအား အကြီးအကျယ် ဒဏ်ရာရရှိစေသည့် ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်းကို ရပ်တန့်ရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်သည့် ပဋိပက္ခများမှ ရှောင်ရှားရန် တိုက်တွန်းခဲ့သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ဆန္ဒပြသူများက အစိုးရအဖွဲ့သစ်အား ပထမအကြိမ်အစည်းအဝေးကျင်းပခြင်း အပေါ်၎င်းတို့၏သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အစိုးရအဖွဲ့သစ်ကို ဟစ်ဘိုလာနှင့်အာမယ် လှုပ်ရှားမှုကို ထောက်ခံသည့် ဝန်ကြီး ၂၀ ဦးဖြင့် ယမန်နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
၂၀၁၉ခုနှစ် အောက်တိုဘာလ ၁၇ရက်အတွင်းမှစပြီး လက်ဘနွန်တွင် တစ်နိုင်ငံလုံး ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်


