လကမ္ဘာပေါ်သို့ အောင်မြင်စွာခြေချနိုင်ပြီးနောက် နေကိုစူးစမ်းလေ့လာမည့် ပထမဆုံးဂြိုဟ်ထုကို အိန္ဒိယ မကြာမီလွှတ်တင်မည်

နယူးဒေလီ ဩဂုတ် ၂၉

အိန္ဒိယနိုင်ငံ၏ လသွားအာကာသယာဉ် လပေါ် အောင်မြင်စွာဆင်းသက်နိုင်ပြီး တစ်ပတ်မပြည့်မီတွင် နေကိုစူးစမ်းလေ့လာမည့် ပထမဆုံးဂြိုဟ်တုကို မကြာမီလွှတ်တင်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ က ပြောကြားလိုက်သည်။

အိန္ဒိယအာကာသ သုတေသနအဖွဲ့အစည်း(အက်စ်ရို) ကနေစူးစမ်းလေ့လာရေးယာဉ်ဖြစ်သည့် အဒိတျာ-အယ်၁ကိုအိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာပရာဒေ့ရှ်ပြည်နယ် သီရိဟာရီကိုတာကျွန်းရှိ ဆတက်ရှ်ဒါဝမ် အာကာသစခန်းမှ စက်တင်ဘာ ၂ ရက်တွင် လွှတ်တင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

လေးလကြာပြီးနောက် နေစူးစမ်းလေ့လာရေး ယာဉ်သည် ကမ္ဘာမှ ကီလိုမီတာ ၁ ဒသမ ၅ သန်း ကွာဝေးသော နေရောင်ခြည်စက်ဝန်းပတ်လမ်း အတွင်း ရောက်ရှိမည်ဖြစ်သည်။ အဆိုပါ နေထူးစမ်း လေ့လာရေးခရီးစဉ်တွင် အပူချိန်ဒီဂရီဆဲလ်စီးယက်စ်သန်းကျော်ရှိသောနေမျက်နှာပြင်အလွှာအထပ်ထပ် နှင့် ပေါက်ကွဲစေတတ်သော မီးတောက်မီးလျှံ လေ့လာရေးအစီအစဉ်များလည်း  ပါဝင်မည်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏ ချန်ဒရာယန်-၃ လပေါ်သွား ယာဉ်သည် လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းမျက်နှာပြင် ပေါ်သို့ ဩဂုတ်၂၃ရက်ကအောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ဆက်လက်စူးစမ်းလေ့လာမှုများ ပြုလုပ်လျက်ရှိသည်။

လ၏တောင်ဝင်ရိုးစွန်းမျက်နှာပြင်ဒေသသည်ရေခဲပုံစံဖွဲ့စည်းလျက်ရှိပြီးရေပါဝင်နိုင်သည်ဟုသိပ္ပံပညာရှင် များက ပြောသည်။ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် လကမ္ဘာပေါ် သို့ ခြေချနိုင်ခဲ့သည့် စတုတ္ထမြောက် နိုင်ငံဖြစ်သည်။ လကမ္ဘာပေါ်သို့ ခြေချနိုင်ခဲ့သည့် နိုင်ငံများမှာ ယခင်ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန် နှင့် တရုတ်နိုင်ငံတို့ဖြစ်ကြသည်။

အင်န်အိတ်ချ်ကေ