လက်ပံတန်း       ဇွန်       ၂၉

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ဒေသတွင်း စားသုံးဆီဖူလုံရေးနှင့် ဆီထွက် သီးနှံ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ မိုးနေကြာ မျိုးစေ့ထုတ် စံပြကွက် စိုက်ပျိုးပွဲကို မှော်အင်းကျေးရွာအုပ်စု ကွင်းအမှတ်(1188-A)တွင် ဇွန် ၂၈ ရက်က ပြုလုပ်ခဲ့ရာ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။ လက်ပံတန်းမြို့နယ်တွင် စားသုံးဆီဖူလုံရေးနှင့် ဆောင်းသီးနှံ နေကြာစိုက်ဧကများ မျိုးစေ့ရရှိရန်အတွက် နေကြာမျိုးစေ့ထုတ် စံပြကွက် ၁၅ ဧက စိုက်ပျိုးထုတ်လုပ်မည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)