၁၆ မတ်
ဗင်နီးဇွဲလားနိုင်ငံက ကာရာကတ် အပါအဝင် ဒေသ ၇ ခုကို သီးသန့်ခွဲခြား နေထိုင်ရာနယ်မြေများအဖြစ် ကြေညာချိန်မှာ တခြားသော လက်တင်အမေရိကနိုင်ငံတွေနဲ့ အလယ်အမေရိကနိုင်ငံတွေ ကပါနယ်စပ်ဂိတ်တွေ ပိတ်ထားခြင်းတွေ လုပ်ဆောင်နေပါတယ်။
မတ် ၁၆ ရက် ထုတ်ပြန်ချက်အရ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၇၁ ဦးရှိပြီဖြစ်တဲ့ ပီးရူးနိုင်ငံက ၁၅ ရက်ကြာ အရေးပေါ်အခြေအနေကြေညာပြီး နယ်စပ်ဂိတ်တွေကို လုံခြုံရေးအင်အားသုံးပြီး တင်းတင်းကျပ်ကျပ် ပိတ်ထားလိုက်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပီရူးနိုင်ငံရဲ့ ဆိပ်ကမ်းတွေမှာ ဇိမ်ခံသင်္ဘောတွေ ရပ်နားခြင်းကို အနည်းဆုံး ရက် ၃၀ တိတိ ပိတ်လိုက်ပါတယ်။
အာဂျင်တီးနားနဲ့ ကိုလံဘီယာနိုင်ငံတွေက ခရီးသွားလာရေး ကန့်သတ်ချက်တွေ ထုတ်ပြန်သလို ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ မတွေ့ရှိရသေးတဲ့ အယ်ဆာဗာဒိုး နိုင်ငံမှာလည်း အရေးပေါ်အခြေအနေ ထုတ်ပြန်ထားပါတယ်။
အာဂျင်တီးနားနိုင်ငံမှာ နယ်စပ်ဂိတ်တွေနဲ့ ကျောင်းတွေကို ဒီလကုန်အထိ ပိတ်လိုက်ပါတယ်။ အာဂျင်တီးနားသမ္မတက နယ်စပ်ဂိတ်ပိတ်ရာတွင် နိုင်ငံဝင်ပေါက်ကို ပိတ်တာဖြစ်ပြီး နိုင်ငံရဲ့ ထွက်ပေါက်ကိုတော့ အကျုံးဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။
ကိုလံဘီယာနိုင်ငံမှာ နိုင်ငံတွင်းဝင်ရောက်လာမယ့် သူ့နိုင်ငံသားတွေနဲ့ နိုင်ငံခြားသာတွေဟာ ၁၄ ရက်တိတိ သီးသန့်ခွဲနေထိုင်ရမှလို့ ဆိုပါတယ်။
ဉရုဂွေးနိုင်ငံက ဉရောပကနေ ရောက်ရှိလာမယ့် လေကြောင်းလိုင်းတွေကို ပိတ်ပင်ထားပြီး သူ့နိုင်ငံသားတွေသာ ပြန်လာခွင့်ပြုထားကြောင်း သိရပါတယ်။
ချီလီနိုင်ငံမှာလည်း ကျောင်းတွေ သင်တန်းတွေကို ပိတ်ထားပြီး ဆိပ်ကမ်းတွေမှာ ဇိမ်ခံသင်္ဘောဆိုက်ကပ်မှုကို ပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ဆိပ်ကပ်လာတဲ့ ဇိမ်ခံသင်္ဘောပေါ်မှ အသက် ၈၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် သင်္ဘောနှစ်စင်းလုံးကို သီးသန့်ခွဲခြားထားလိုက်ပါတယ်။ မတ်လ ၃ ရက်နေ့ကစပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့ ချီလီနိုင်ငံမှာ ၇၅ ဦးမှာ ကူးစက်ခံရပြီးဖြစ်ပါတယ်။
ဘရာဇီးနဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ဘောလုံးပွဲအပါအဝင် အားကစာပွဲတွေစဉ်တွေကို ထုတ်ပြန်ချက် အသစ်မကြေညာမခြင်း ယှဉ်ပြိုင်ကစားခွင့် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။
ဘရာဇီးနိုင်ငံမှာ မတ် ၁၆ ရက်စာရင်းအရ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၀၀ ဦးရှိသွားပြီဖြစ်ရာ လက်တင်အမေရိက နိုင်ငံတွေထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အများဆုံးနိုင်ငံဖြစ်ပါတယ်။
ဒိုမေနီကန်နိုင်ငံမှာ မနေ့က မြူနီစပယ်ရွေးကောက်ပွဲကို ကျင်းပခဲ့ပေမယ့် ဉရောပ၊ တရုတ်၊ တောင်ကိုရီးယားနဲ့ အီရန်နိုင်ငံတွေက ပျံသန်းမယ့်ခရီးစဉ်တွေ အားလုံးကို ပိတ်လိုက်ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP


