နေပြည်တော် ၅ ဧပြီ
ယနေ့ ညနေ ၄ နာရီ မိနစ် ၄၀ ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ လမ်းဝဂုံးကျော်တံတားပေါ်မှ YBS(၁၆) ယာဉ်(၁)စီး ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါဖြစ်စဉ်နေရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးဆောင်၍ မီးသတ်ယာဉ် (၃)စီး၊ သူနာတင်ယာဉ် (၂)စီး၊ Towing Vehicle (၁)စီး၊ Lifting Vehicle (၁)စီး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မြောက်ဥက္ကလာပမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ သူနာတင်ယာဉ် (၁)စီး၊ တာမွေမြို့နယ်မီး သတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ သူနာတင်ယာဉ် (၁)စီး၊ စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသား (၈)ဦး၊ အမျိုးသမီး (၁၄)ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် မြောက်ဉက္ကလာပ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
MDN
ဓာတ်ပုံ- MFSD


