ဒေါက်တာမျိုးငြိမ်းအေး (ပို့ဆောင်ရေး) စီစဉ်ရေးသားသည့် Logistics ဆိုင်ရာ အဝေးကြည့်ဆောင်းပါးများ စာအုပ်ထွက်ရှိလာသည်။
အဆိုပါစာအုပ်တွင် အပိုင်းနှစ်ပိုင်းခွဲထားပြီး အပိုင်း(က)တွင်း ဆောင်းပါး ခုနစ်ပုဒ်နှင့် အပိုင်း(ခ)တွင် ဆောင်းပါးရှည်တစ်ပုဒ် စုစုပေါင်းဆောင်းပါး ရှစ်ပုဒ်ဖော်ပြထားသည်။ မြန်မာနိုင်ငံ၏ကဏ္ဍအသီးသီးတွင် အရေးပါသည့်အစိတ်အပိုင်းတစ်ခုအဖြစ် အချိန်နှင့်အမျှ ပိုမိုတိုးတက်ကာ ပါဝင်လျက်ရှိသည့် Logistics ဆိုင်ရာ လုပ်ငန်းများကို နားလည်ပြီး စီမံဆောင်ရွက်နိုင်သည့်သူများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်သည်။
ကြေးမုံ


