လျှပ်စစ်ဓာတ်အားခပေးဆောင်ရာတွင် ဘဏ်နှင့် ကုမ္ပဏီ ၁၇ ခုအထိ အသုံးပြုကာ ဓာတ်အားခပေးဆောင်နိုင်

ရန်ကုန် ဧပြီ ၆

ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားခပေးဆောင်ရာတွင် ဘဏ်နှင့် ကုမ္ပဏီ ၁၇ ခုမှ ဓာတ်အားခပေးဆောင်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။

လွယ်ကူလျင်မြန်စေရေး

ဓာတ်အားသုံးစွဲသူပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားခပေးဆောင်ရာတွင် မြို့နယ်ရုံး ကောင်တာများတွင် တန်းစီပေးဆောင်စရာမလိုဘဲ လွယ်ကူလျင်မြန်စေရေး အတွက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ စီစဉ်ထားပြီး  ဘဏ်များ၊ ကုမ္ပဏီများ၏ Mobile Application ၊ Wallet များ၊ Pay များမှတစ်ဆင့် ပေးဆောင်နိုင် သည့် နည်းလမ်းများအတိုင်း သတ်မှတ်ထားသော Last Date ရက် မတိုင်မီ ပေးဆောင် နိုင်ပါကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

ဓာတ်အားခပေးဆောင်ရာတွင် KBZ ဘဏ်၏ Mobile Banking, KBZ Pay ၊ Mytel ၏ Mytet Pay ၊ CB ဘဏ်၏ CB Pay ၊ AYA Bank ၏  Mobile Banking, internet Banking ၊ AYA Pay ၊ UAB Bank ၏ uab mobile ၊ Banking ၊ uab pay ၊ Ok $ ၏  Ok $၊ Yoma Bank ၏ Mobile Banking ၊ MAB Bank ၏ Mobile Banking၊ Myanmar Mobile Money ၏ Easy Pay တို့ဖြင့် ပေးဆောင်နိုင်ကြောင်းသိရသည်။ ထို့အပြင် MOB Bank ၏ Mobile Banking ၊ Tun Commercial Bank ၏ Internet Banking ၊ Citizens Bank ၏ Citizens Pay ၊ AGD  Bank ၏ One Pay ၊ Shwe Bank ၏ Mobile Banking ၊ Mo Money ၊ A Bank ၏ A Plus ၊ Ooredoo ၏ Ooredoo Application ၊ M-Pitesan နှင့် Wave Money ၏ Wave Pay တို့မှလည်း ပေးဆောင်နိုင်မည်ဟု သိရသည်။ 

MT