လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ခြင်း (၁/၂၀၁၉) အခမ်းအနား ကျင်းပမည်

နေပြည်တော်   ၁၄  ဇန်နဝါရီ 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လစဉ်ဆောင်ရွက်လျက်ရှိသည့် သတင်းထုတ်ပြန် ခြင်း(၁/၂၀၁၉) အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၂၇)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ယခင်သတင်းထုတ်ပြန်ခြင်း မီဒီယာရှင်းလင်းပွဲများတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၏ ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူများက လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍ၊ လေအားလျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍ၊ ဓါတ်ငွေ့ထုတ်လုပ်ရေးကိစ္စ၊ ရေနံနှင့်ဓာတုထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးကိစ္စရပ်များ၊ လျှပ်စစ်ခွဲရုံများအသစ်တည်ဆောက်မည့်ကိစ္စရပ်များ၊ လျှပ်စစ်စွမ်းအင်ဆိုင်ရာ ကိစ္စရပ်များ၊ ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသည့် မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြကြောင်းသိရသည်။         


မောင်မောင်မျိုး