ပုသိမ်  ၁၉ မတ်  


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ပြည်တော်သာအိမ်ရာနေ ပြည်သူများနှင့် တွေ့ဆုံပွဲကို မတ် ၁၈ ရက် နံနက်ပိုင်းက ပြည်တော်သာရှိ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။


တွေ့ဆုံပွဲတွင် ဝန်ကြီး ဦးဝင်းဌေးက အိမ်ရာအတွက် ဆောင်ရွက်ထားရှိမှုများ၊ အိမ်ရာစာရင်းကောက်ယူရေးအတွက် ကော်မတီဖွဲ့စည်းရေးတွင် အိမ်ရာနေ ပြည်သူများ ပါဝင်ရေး၊ ပြည်သူလွှတ်တော်တွင် မေးမြန်းထားသည့် ပြည်တော်သာအိမ်ရာ၏မေးခွန်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် ကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။


ဆက်လက်ပြီး ပြည်တော်သာအိမ်ရာနေပြည်သူများဘက်မှ ပြည်တော်သာတိုက်နှင့်အိုးအိမ်ဦးစီးဌာန အကြောင်းကို တင်ပြခဲ့ကြပြီး တွေ့ဆုံပွဲသို့ ၁၅၀  ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။ ပြည်တော်သာအိမ်ရာ တွင်တိုက်ခန်းပေါင်း ၃၅၀ ခန့်ရှိရာ  ၁၇၂ ခန်းမှာ ပြည်သူများနေထိုင်သည့် အိမ်ရာဖြစ်ပြီး ကျန် ၁၇၈ ခန်းမှာ ဝန်ထမ်း အိမ်ရာဖြစ်ကြောင်း သိရသည်။


မောင်မောင်မြင့် (ပြန်/ဆက်)

 

1