နေပြည်တော် ဩဂုတ် ၁၃

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ၏ခွင့်ပြုချက်ဖြင့် N.P.K Motors Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Leapmotor C11 (Standard) အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Premier Automotive Co., Ltd. က တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Geely Geometry E အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များနှင့် G-Energy Plus Myanmar Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံထုတ် Dongfeng (Aeolus) SKY EV 01 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု ခဲ့ကြောင်းသိရသည်။

သတင်းစဉ်