နေပြည်တော်  ဇန်နဝါရီ  ၅

အမျိုးသားအဆင့်  လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏  ခွင့်ပြုချက်ဖြင့်  EV Power Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ်  BYD  ATTO 2 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊      N.P.K Motors Co., Ltd. မှ တင်သွင်းလာသော  တရုတ်နိုင်ငံထုတ်  MG4 (MULAN)အမျိုးအစား လျှပ်စစ်သုံးယာဉ်များနှင့်  Pathein Auto Trading Co., Ltd. မှ  တင်သွင်းလာသော  တရုတ်နိုင်ငံထုတ် ZONGTONG   (LCK6827EVG) အမျိုးအစား လျှပ်စစ်သုံးခရီးသည်တင်ယာဉ်များသည်   ရန်ကုန်ဆိပ်ကမ်းသို့  ရောက်ရှိလာသဖြင့်  ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ  ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်