လပွတ္တာ စက်တင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး ၃မိုင်မြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ခရိုင်အဆင့် သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။
အဆိုပါ အစည်းအဝေးတွင် လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အမှာစကား ပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဆင့်က သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေ (၂၀၁၆)ပါ အခွင့်အရေးများ၊ လပွတ္တာခရိုင်အတွင်း သက်ကြီးရွယ်အိုများအတွက် ဆောင်ရွက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


