လွတ်လပ်ရေးနေ့တွင် မြန်မာနိုင်ငံတော်အလံအား လွှင့်ထူကြရန် တိုက်တွန်းနှိုးဆော်

ရန်ကုန် ၂ ဇန်နဝါရီ

မြန်မာနိုင်ငံသမိုင်းကြောင်း၏ နေ့ထူးနေ့မြတ်ဖြစ်သော (၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို နှစ်စဉ် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်လေ့ရှိပါသည်။

မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ အချုပ်အခြာအာဏာ ပိုင်စိုးမှုဖြစ်သော မြန်မာ့လွတ်လပ်ရေးကို နယ်ချဲ့တို့လက်မှ ပြန်လည်ရယူနိုင်ခဲ့သည့် မမေ့အပ်သော နေ့တစ်နေ့လည်း  ဖြစ်ပါသည်။

မိမိတို့ တိုင်းရင်းသားလူမျိုးအားလုံးတို့၏ အသက်သွေး၊ ချွေးဖြင့် ရင်းနှီးပေးဆပ်ရယူခဲ့ရသော (၇၁)ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် မိမိတို့၏ ရုံး၊ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦ၊ ဝန်ထမ်းအိမ်ရာများ၊ ပုဂ္ဂလိကပိုင် နေအိမ်များ၌ မြန်မာနိုင်ငံတော်အလံအား လွှင့်ထူသွားကြပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

(သတင်းစဉ်)