စဉ့်ကိုင်  ၁  ဧပြီ    

မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊လူမှုဖူလုံရေးရုံးမှ အလုပ်ခွင်တွင် ထိခိုက်သေဆုံးမှု အကျိုးခံစားခွင့်ပြု ထုတ်ပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ က ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်၊ ပလိပ်လျှပ်စစ်ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

1

 

အခမ်းအနားတွင် ပလိပ်မြို့လျှပ်စစ်ရုံးမှ အာမခံအလုပ်သမား ဦးကျော်ကို ကို တာဝန်ထမ်းဆောင်နေစဉ် ဓါတ်တိုင်ပေါ်မှ ပြုတ်ကျသေဆုံးသွားသဖြင့် နာရေးစရိတ်ငွေကျပ်(၂၆၃၅၂ဝိ-)၊ ကျန်ရစ်သူအကျိုးခံစားခွင့် ကျပ်(၄၃၂၀ဝ၀ဝိ/-)၊ စုစုပေါင်းကျပ်(၄၅၈၃၅၂ဝိ/-)၊ Jalux Airport Services Co;Ltd မှအာမခံအလုပ်သမား ဦးကျော်ဝင်း လုပ်ငန်းခွင်(ပြင်ပ) ထိခိုက်ဒဏ်ရာရရှိ၍ သေဆုံးသွားသဖြင့် နာရေးစရိတ်ခွင့်ပြုငွေကျပ် (၉၉၉၀ဝဝိ/-) ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ်-(၉၀ဝ၀ဝ၀ဝိ/-)စုစုပေါင်းငွေ(၉၉၉၉၀ဝဝိ/-)၊ စုစုပေါင်းငွေကျပ်(၁၄၅၈၂၅၂ဝိ/-)အား မန္တလေးလူမှုဖူလုံရေးရုံးမှ တာဝန်ခံအရာရှိ ဒေါ်နှင်းနှင်းဦးက မိသားစုဝင်များကိုထုတ်ပေးခဲ့ရာ အကျိုးခံစားခွင့်ရရှိသူများကိုယ်စား ( NewEver  Light ) တာဝန်ခံဦးဇေယျာဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

3

 

ကျောက်ဆည်မြို့လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော ဌာနပေါင်း(၂၂၃)ဌာနရှိပြီး အကျုံးဝင်အလုပ်သမားပေါင်း (၁၇၃၀၄) ဦ:ရှိရာ (၄/၂၀၁၈မှ၂/၂၀၁၉)ထိ အမှုတွဲပေါင်း (၆၄၆၈)မှုနှင့် အကျိုးခံစားခွင့်ငွေပေါင်းကျပ် ( ၂၂၆၄၁၈၇၄၅၆/- )ခွင့်ပြုထုတ်ပေးခဲ့ပြီး ယခုပလိပ်လျှပ်စစ်အား ဆက်လက်ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ကျောက်ဆည်မြို့လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းကြူထံမှ သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)