နေပြည်တော် စက်တင်ဘာ ၂၉

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိပြီး စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံ ပြုလုပ်နည်းသင်တန်း၊ အစားအစာ ချက်ပြုတ်နည်း သင်တန်းနှင့် ပန်းအလှပြင် သင်တန်းများကို အပတ်စဉ် တစ်ခုလျှင် ခြောက်ပတ်ဖြင့် သင်ကြားပေး လျက်ရှိသည်။

ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်း အပတ်စဉ် ရှစ်ခုကို နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာ၍ ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ် ကျောင်းများတွင် စနေ၊ တနင်္ဂနွေနေ့ အထူးသင်တန်းများ ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်းများတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် စတုတ္ထအကြိမ်မြောက် ကျောင်းအခြေပြုသင်တန်းအား ၂ဝ၂၅ ခုနှစ် ဇန်နဝါရီ ၉ ရက်မှ အောက်တိုဘာ ၁ဝ ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင် ကျောင်း ၁၀ ကျောင်းတွင် သင်တန်းသား ရှစ်ဦး၊ သင်တန်းသူ ၂၅၉ ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၂၆၇ ဦး တက်ရောက်လျက်ရှိကာ မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်