ရန်ကုန် ဇန်နဝါရီ ၉

နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ကျင်းပပြုလုပ်မည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခုနှစ်” အခမ်းအနားသို့ တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုလူငယ်များက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ(၃)တွင် ကျင်းပသည်။

ဦးစွာ “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခုနှစ်” အခမ်းအနားသို့ တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့များက ဂါရဝပြု မိတ်ဆက်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက မိမိတို့၏ လက်တွေ့မြေပြင်အခြေအနေများ၊ စိန်ခေါ်မှုများကို အဖြေရှာနိုင်မည့်နည်းလမ်းများ၊ အကြံဉာဏ်သစ်များ၊ ဆန်းသစ်တီထွင်စဉ်းစားရမည့် အချက်အလက်များကို ရှာဖွေစုဆောင်းသွားကြရန်၊ ခရီးစဉ်အစမှ အဆုံးတိုင် တိုင်းဒေသကြီး ကိုယ်စားပြုအနေဖြင့် စည်းကမ်းတကျ သွားလာနေထိုင်ကြရန်၊ ဖိုရမ်အတွင်း အခြား တိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ်များနှင့်အတူ တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြရန်နှင့် အများနှင့်ပူးပေါင်း ဆောင်ရွက်ရမည့် အခန်းကဏ္ဍများတွင် တိုင်းဒေသကြီး၏ဂုဏ်ကို ဖော်ဆောင်နိုင်အောင် ကြိုးစားပေးကြရန်တိုက်တွန်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် “လူငယ်ငြိမ်းချမ်း ရေးဖိုရမ် ၂၀၂၆ ခုနှစ်” ဖွင့်ပွဲ အခမ်းအနားသို့ သွားရောက်မည့် ခရီးစဉ်အားရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လူငယ်ကိုယ်စားလှယ်အုပ်ချုပ်သူ ဦးဌေးလင်းက ဖိုရမ်နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ လူငယ်ကိုယ်စားလှယ်အုပ်ချုပ်သူ ဦးဌေးလင်းနှင့် အဖွဲ့က လက်ခံရယူပြီး တက်ရောက်လာကြသူများက လုပ်ငန်းများကိုဆွေးနွေးကြကာ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)