ကျောက်တန် ၂၅  မတ်

 

ဒီမိုကရေစီအင်္ဂါရပ်နှင့်အညီ ပြည်သူများအတွေးအခေါ် အမြော်အမြင် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ``လူငယ်တို့ မျှော်မှန်းသောအနာဂတ်မြန်မာပြည်´´ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk) ကို ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ရွှေမှော်ဝန်းသာသနာ့ဗိမာန်တော်ကြီးတွင် မတ်လ ၃၁ ရက် နံနက် ၉ နာရီ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

အဆိုပါပြည်သူ့စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးမည့်သူများက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၊ ဒေါက်တာစည်သူဆွေ (ဆယ်ကျော်သက်နှင့်လူငယ် ကျန်းမာရေးအတိုင်ပင်ခံ)၊ မမေရတနာဦး (YUFL Japanese major3rd yearနှင့် ကိုပြည့်ဖြိုးသူ (သီလဝါပြည်တွင်းစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး)တို့က ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

နန်းအေးခိုင်(ကျောက်တန်း)