လူရွှင်တော်ဦးမန်းဝင်း ကွယ်လွန်သည်ဆိုသည်မှာ သတင်းမှားသာဖြစ်

၃၀ စက်တင်ဘာ

 

လူရွှင်တော်ဦးမန်းဝင်း ကွယ်လွန်သည်ဆိုသည်မှာ သတင်းမှားသာဖြစ်ကြောင်း သိရသည်။လူရွှင်တော်ဦးမန်းဝင်း ယနေ့ နံနက် ၈ နာရီမှာ ကွယ်လွန်သည်ဟုဆိုကာ လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သည်။

 

''ကျွန်တော်ဘာမှ မဖြစ်ပါဘူး။ ဒီနေ့ကျောက်ကပ်ဆေးရမယ့်နေ့ပါ။ပရိသတ်တွေက စိတ်မကောင်းလို့ ဖုန်းတွေလည်းဆက်မေးကြတယ်။ကျွန်တော်နေကောင်းပါတယ်''ဟု လူရွှင်တော်ဦးမန်းဝင်းက ပြောသည်။

 

လူရွှင်တော်ဦးမန်းဝင်းသည် ဆီးချိုရောဂါကြောင့် မျက်လုံးတစ်ဖက် မမြင်ရခြင်း ၊ အပတ်စဉ် ကျောက်ကပ်ဆေးနေရကြောင်း သိရသည်။

 

MDN