မောင်တော ၁ ဧပြီ
ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံး လူထု အခြေ ပြုဗဟိုဌာန(Community Centre) ခန်းမ၌ နွေရာသီအားလပ်ရက် ပန်းအလှဆင်၊ ရောင်စုံ စက္ကူခေါက် အရုပ်ပြု လုပ် နည်းသင်တန်းဖွင့်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တော ခရိုင်ဦးစီးမှူး ဦးဇော်ဇော်ဆန်းက အမှာ စကား ပြောကြားရာတွင် ကျောင်း သား/ကျောင်းသူများ အနေဖြင့် နွေရာသီ အားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချ တတ်စေရန် ၊မိမိတို့၏ စိတ်ကူး ဉာဏ်ဖြင့်တီထွင်ဖန်တီးတတ်သည့် အခြေခံ အလေ့အကျင့် ကောင်းများ ရရှိစေရန်၊ စိတ်တည်ငြိမ်မှု ရရှိစေကာ ပြင်ပ ဗဟုသုတ များကို စူးစမ်းရှာဖွေ လေ့လာ တတ်စေရန် ရည်ရွယ်ချက် အသီးသီးဖြင့် သင်တန်း ဖွင့်လှစ်ရခြင်းအား ရှင်းလင်းပြောကြားပြီး သင်တန်းတွင် မူလွန်ကျောင်း(၁)၊ မူလွန် (၃)၊မူလွန်(၄)တို့မှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၂)ဦး တက်ရောက် သင်ကြားမည် ဖြစ်သည်။ သင်တန်းဆရာ မှာ မောင်တောခရိုင်ရုံး မှ ဒုဦးစီး ဦးဦးစိုးလွင် နှင့် ရုပ်သံကျွမ်းကျင်(၃) ဦးအောင်လှိုင်ဦးတို့ နှစ်ဦးမှ သင်ကြားပို့ချမည် ဖြစ်ပြီး သင်တန်းကာလမှာ (၅)ရက် ကြာမြင့်မည်ဖြစ်ရာ သင်တန်းသား/ကျောင်းသူများကို ခရိုင်ရုံးမှ အချိုရည် နှင့် မုန့်များ ဧည့်ခံကျွေးမွေး သွားမည်ဖြစ်သည်။
သက်လွင်စိုး(ပြန်/ဆက်)


