လူထုဗဟိုပြု စီမံကိန်းဒုတိယနှစ်စက်ဝန်း ပထမအကြိမ် ကျေးရွာအုပ်စု အစည်းအဝေးကျင်းပ

မယ်စဲ့ ၊   ၁၅  ဒီဇင်ဘာ

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကယားပြည်နယ် ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) ကျေးရွာအုပ်စု ပထမအကြိမ်အစည်းအဝေးကို မိုဆာခီးအုပ်စု မိုဆာခီးကျေးရွာခန်းမဆောင်တွင် ဒီဇင် ဘာ ၁၄ ရက်က ကျင်းပခဲ့သည်။

ထိုအစည်းအဝေးသို့ မိုဆာခီးကျေးရွာအုပ်စုများမှ စီမံကိန်းအထောက်အကူပြုကော်မတီ၀င် (၂၅)ဦး၊ လက်ထောက် နည်းပညာမှူး(၂)ဦး၊ လူထုစည်းရုံးရေးမှူး (၂)ဦးနှင့် မြို့နယ်နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးခူးကလောရယ်၊ Finance Officer ဆရာမ ဒေါ်နန်းကောင်ခမ်းနှင့် ပြည်နယ် Infrastructure ဦးအာကာချစ်နန်းတို့ တက်ရောက်ကြသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသူများက ၎င်းတို့နှင့်သက်ဆိုင်သည့် အချက်အလက်များ အား ချပြဆွေးနွေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ အကောင်ထည်ဖော်ရန် ရန်ပုံငွေခွဲဝေခြင်း၊ အုပ်စု ကော်မတီများအား ပြန်လည်ရွေးချယ်အတည်ပြုခြင်းနှင့် နည်းပညာဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် လိုအပ်ချက်များ၊ စီမံကိန်း၏မူဝါဒနှင့်အညီ ဆောင်ရွက်ရန် နည်းလမ်းများအား ဆွေးနွေးအတည်ပြုခြင်း၊ ဘဏ္ဍာရေးဆိုင်ရာသဘောတူ ညီချက်မှုများအား လက်မှတ်ရေးထိုးဆုံးဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချစ်ဦးကိုကို(နွားထိုးကြီး)