နေပြည်တော်        ဇွန်         ၂၉

 

နေပြည်တော်၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ရုံးပင်ကျေးရွာရှိ တောင်သူ ဦးမြင့်ဦး၏ ယာမြေ ၈ ဧကတွင် ဇွန် ၂၉ ရက် နံနက်ပိုင်းက မျိုးစေ့ချကိရိယာ (Pneumatic Seeder)ဖြင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်း တောင်သူပညာပေး သရုပ်ပြဆောင်ရွက်ခဲ့သည်။

 

အဆိုပါ သရုပ်ပြပွဲသို့ စက်မှုလယ်ယာဦးစီးဌာန နေပြည်တော်တိုင်းဦးစီးမှူး ဦးနိုင်ဦး၊ ဒက္ခိဏခရိုင် ဦးစီးမှူး ဦးတိုးသီလ၊ အမှတ်(၁) အလတ်စား စက်ပြင်အလုပ်ရုံမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဦး၊ လယ်ဝေးမြို့နယ်ဦးစီးမှူး ဦးစန်းမျိုးထက်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြောင်းစိုက် တောင်သူများ တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက ဒေသခံပြောင်းစိုက် တောင်သူများအား (Pneumatic Seeder) မျိုးစေ့ချကိရိယာဖြင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းအကြောင်း အသိပညာပေး ရှင်းလင်းပြောကြား၍ စက်ဖြင့် လက်တွေ့စိုက်ပျိုးခဲ့သည်။

 

အဆိုပါ မျိုးစေ့ချကိရိယာဖြင့် ပြောင်း၊ နေကြာ၊ မြေပဲ၊ ကုလားပဲ သီးနှံများအား စိုက်ပျိုးနိုင်ပြီး တိကျမှုရှိခြင်း၊ မျိုးစေ့များ လေလွင့်ပြုန်းတီးမှု သက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ သီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ခြင်း၊ လုပ်သားအင်အား ရှားပါးမှုအား ဖြေရှင်းနိုင်ခြင်းတို့ကြောင့် ဒေသခံ တောင်သူများ အနေဖြင့် မျိုးစေ့ချကိရိယာကို ငှားရမ်းအသုံးပြုစိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလက်ယာ ဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)