ရန်ကုန်   အောက်တိုဘာ   ၅

၂၀၂၅ ခုနှစ်    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် မဲဆန္ဒရှင်အမည်စာရင်းများကို ကပ်ထားကြေညာထားရာ အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူစာရင်း(နည်းဥပဒေ-၄)တွင်ပါဝင်သည့် မဲဆန္ဒရှင်ပြည်သူအမည်စာရင်းများအား  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက စက်တင်ဘာ ၃၀ ရက်မှစတင်၍ ကြေညာလျက်ရှိသည်။

ထိုသို့ ကြေညာကပ်ထားခြင်းကို မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့အမည်စာရင်းများကို ကြည့်ရှုနိုင်ပြီး မပါဝင်ပါက  ပုံစံ(၃) ဖြင့်လည်းကောင်း၊  အချက်အလက်မပြည့်စုံပါက ကန့်ကွက် လိုလျှင် ပုံစံ(၄)ဖြင့်လည်းကောင်း တင်ပြဆောင်ရွက်နိုင်ကြောင်း မဲစာရင်းကြေညာထားခြင်း မဲစာရင်းများကို ပြည်သူများမသိသူမရှိစေရန် ရပ်ကွက်/အုပ်ချုပ်ရေးတာဝန်ရှိသူများက အသံချဲ့စက်များဖြင့်   လှည့်လည်နှိုးဆော်ပေးကြသည်။

ယင်းမဲစာရင်းများကို ပထမအကြိမ်အဖြစ်  စက်တင်ဘာ   ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်အထိ  ကြေညာသွားမည်ဖြစ်ပြီး နောက်ဆုံးအကြိမ်  မဲဆန္ဒရှင်ပြည်သူများစာရင်းကို နိုဝင်ဘာလတွင် ထပ်မံကပ်ထားကြေညာသွားမည်ဖြစ်ကြောင်း  မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)