မအူပင် ၂၂  ဧပြီ

 

လူထုဟောပြောနည်းနှင့် မြန်မာ့ဂီတရသ အခြေခံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

 

သင်တန်းတွင် မျိုးဆက်သစ်လူငယ်များ မိမိကိုယ်တိုင် ယုံကြည်မှုအပြည့်ဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ရှင်သန်ထက်မြက်စေပြီး ပတ်ဝန်းကျင်တွင် လူထုပြောဆို ဆက်ဆံနည်းများကို မအူပင်မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးစောမောင်(စောမောင်ယော) ပြန်/ဆက်(ငြိမ်း)က သုတ/ရသ စုံလင်စွာဖြင့် သင်ကြားပို့ချမည် ဖြစ်သည်။

 

ထို့နောက် မအူပင်မြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယက ဦးပိုက် (တယောကိုပိုက်)က မြန်မာ့ဂီတရသ အခြေခံနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ယဉ်ကျေးမှု အနုပညာရပ်များကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချသွားမည် ဖြစ်သည်။

 

ငါးရက်တာ ကျင်းပမည့် ၎င်းသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၅)ဦး တက်ရောက်ကြပြီး လေ့လာသင်ယူမှုများကို အဖွဲ့လိုက် လက်တွေ့ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုများကို ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)