မအူပင် စက်တင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ဆောင်ရွက်သည်။
အသိပညာပေးဟောပြော
အသိပညာပေး ဟောပြောပွဲတွင် မအူပင်မြို့နယ် မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးဌေးက မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပြီး မီးသတ်ဆေးဘူးဖြင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြ ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲသို့ မအူပင်မြို့နယ် မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)


