နေပြည်တော်  ၁၃   ဇန်နဝါရီ 

တပ်မတော်မှ ဇန်နဝါရီလ ၁၂ ရက် နံနက် ၉ နာရီက မဘိမ်းမြို့နယ်၊ စီပိန်းကျေးရွာအုပ်စု၊ စီပိန်းကျေးရွာနေ အောင်ကိုလတ်၏ နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဝင်းထိုအား တွေ့ရပြီး နေအိမ်အတွင်း ကြမ်းပြင်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၉၀ဝ ပြား၊ ဘိန်းဖြူ သုည ဒသမ ၁ ကီလို သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ညနေပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းရယ်မြို့နယ်၊ နားဆန်းကျေးရွာအနီး၊ မိုင်းရယ်-သီပေါကားလမ်းတွင် နိုင်လင်းအောင်(ခ)နောင်နောင် မောင်းနှင်လာသည့် NISSAN အမျိုး အစား ၁၂ ဘီးမော်တော်ယာဉ် ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၅၅၀  ကိုလည်းကောင်း၊

ထို့အတူ မွန်းလွဲ ၂ နာရီက မူဆယ်မြို့မရဲစခန်းမှ  တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၁)လမ်းနှင့် ပန်လုံ(၅)လမ်းကြားတွင် တွေ့ရှိသူ အောင်ဆန်းဝင်းအားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၂၆၅ ပြား သိမ်းဆည်းရမိ ခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။ 

(သတင်းစဉ်)