၁၃ ဧပြီ

 

အမေရိကန်နိုင်ငံ တောင်ပိုင်းပြည်နယ်ဖြစ်တဲ့ မစ္စစ္စပီမှာ ဧပြီ ၁၂ ရက် ညပိုင်းကနေ ဧပြီ ၁၃ ရက်နေ့အထိ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း လေဆင်နှာမောင်းကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

မစ္စစ္စပီမှာ ပြည်နယ်အရေးပေါ်အခြေအနေ ကြေညာထားပြီး မစ္စစ္စပီပြည်နယ်မှာ နေထိုင်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဆောင်ရွက်နေကြောင်းနဲ့ လေဆင်နှာမောင်း မတိုက်ခတ်မီ တနင်္ဂနွေနေ့မနက်ပိုင်းကအထိ ပြည်နယ်အုပ်ချုပ်ရေးမှူးက သတိပေးစကား ပြောကြားနေကြောင်း သိရပါတယ်။

 

အဲဒီနောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက တွစ်တာကနေ တကယ်လို့ယာယီစခန်းတွေမှာ ရွှေ့ပြောင်းနေထိုင်ရမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ်မကူးစက်အောင် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေဖို့ မမေ့ရန်၊ မျက်နှာဖုံးများ ဝတ်ဆင်ရန် သတိပေးစကား ပြောကြားပါတယ်။

 

လေဆင်နှာမောင်းကြောင့် အိမ်ခြေနဲ့စီးပွားရေးလုပ်ငန်းပေါင်း ၇၅၀,၀၀၀ ကျော်မှာ လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်းနဲ့ အနည်းဆုံး အိုးအိမ် ၅ လုံး ပျက်စီးကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP