ချောင်းဦး ၂ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ချောင်းမကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာလျှပ်စစ်မီးလင်းရေးအောင်ပွဲကို ယနေ့ နံနက် ၉ နာရီက ချောင်းမကျေးရွာတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမျိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့်ခင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း တို့က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မုံရွာခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးူ ချောင်းမကျေးရွာ ကျေးရွာ မြစိမ်းရောင်စီမံကိန်း ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဌ ဦးစိန်သန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ချောင်းမကျေးရွာ လျှပ်စစ်မီးလင်းရေးအောင်ပွဲအထိမ်းအမှတ်အဖြစ် ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခင်၊ မုံရွာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသက်လင်း၊ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့နယ်ဦးစီးမှူး ဦးမျိုးအောင်၊ မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းနှင့် ချောင်းမကျေးရွာ တာဝန်ခံ ဦးညိုဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ချောင်းမကျေးရွာ (၄၀ဝ)ဗို့အားလိုင်း လျှပ်စစ်မီးရရှိရေးနှင့် ကျေးရွာတွင်းလမ်း မီးကြိုးသွယ်တန်းခြင်း လုပ်ငန်းများအတွက် ချောင်းမကျေးရွာ မြစိမ်းရောင်စီမံကိန်း အတိုးရငွေမှ ငွေကျပ် ၈၈၀ဝ၀ဝ၀ နှင့် ပြည်သူ ထည့်ဝင်ငွေကျပ် ၃၆၄၈၀ဝ၀၊ စုစုပေါင်း ငွေကျပ် ၁၂၄၄၈၀ဝ၀ ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ချောင်းမကျေးရွာ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုနှစ်တွင် စီမံကိန်းကာလ (၃)နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ခြင်းကြောင့် (၃)နှစ်အတွင်း ရရှိခဲ့သည့် စီမံကိန်း အတိုးရငွေကျပ် သိန်း(၁၀ဝ)ကျော် ရရှိပါက ၅၀ ရာခိုင်နှုန်းအား ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သုံးစွဲ နိုင်ခြင်းကြောင့် ယနေ့ ချောင်းမကျေးရွာ မြစိမ်းရောင်စီမံကိန်းကော်မတီမှ ကျေးရွာမီးလင်းရေး လုပ်ငန်းကို ကူညီအားဖြည့် ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက ပြောပြချက်အရ သိရသည်။
အိအိစိုး (ချောင်းဦး)


