နေပြည်တော် ၁၇ မတ်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၆ ရက် နံနက်ပိုင်းတွင် မြစ်သားမြို့ ရွှေသူဌေးရပ်ကွက် ပုလဲသွယ်(၂)လမ်းနေ ကိုစိုး (ခ) ဝင်းသန့်ဇင်၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၇၀ ကိုလည်းကောင်း၊ တောင်ကြီးမြို့နယ် ထီဖောင်းကျေးရွာအုပ်စု လွယ်ကောင်းကျေးရွာနေ ခွန်သိန်းအောင်၏ နေအိမ် အောက်ထပ်အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား