မြစ်သား  ၂၀  မတ် 


မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပန်းသီတာဥယျာဉ် သာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီမှ တတိယအကြိမ်မြောက် အခြေခံပန်းချီသင်တန်း(အခမဲ့)ကို ပန်းသီတာယျာဉ်၌ မတ်လ ၁၈ ရက် နေ့မှ ဧပြီလ ၇ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။


ထိုသို့ဖွင့်လှစ် သင်ကြားရာတွင် ယခင်နှစ် အကြိမ်များ၌ အခြေခံပန်းချီသင်တန်း တက်ရောက် သင် ကြားပြီးသူများအား တစ်ဆင့်မြှင့်သင်ကြားပေးလျှက်ရှိပြီး ယခုနှစ်မှ စတက်သူများအား အခြေခံအဆင့်အား  သင်ကြားပေးလျှက်ရှိရာ သင်တန်းသား တစ်ဦးစီလျှင် ပုံဆွဲစာအုပ် တစ်အုပ်၊ ပုံဆွဲခဲတံတစ်ချောင်းစီ (အခမဲ့) ဖြန့်ဝေပေးသည်။


အဆိုပါ သင်တန်းအား မြို့ခံပန်းချီဆရာကြီးများ ဖြစ်ကြသော ဦးသန်းထွန်း၊ဦးခင်မောင်ဦးနှင့် ဦးသိန်းဌေးဦးတို့က မေတ္တာဖြင့် သင်ကြားပေးလျှက်ရှိရာ တစ်ဆင့်မြှင့်သင်တန်း၌ သင်တန်းသား ၆၀ဦး၊ အခြေခံအဆင့်၌ ၆၀ ဦး သင်ကြားနေပြီး၊ သင်တန်းအား ဒုတိယတန်း ဖြေဆိုပြီးမှ အဋ္ဌမတန်း ဖြေဆိုပြီး ကျောင်းသားကျောင်းသူများအထိ တက်ရောက် သင်ကြားနေကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။


MDN