မြောင်းမြ စက်တင်ဘာ ၃၀

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် မဒေါ့ပင်စံပြ ကျေးရွာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လျှပ်စစ်သံဂဟေဆက်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်  ၉ နာရီက အဆိုပါ ကျေးရွာ၌  ကျင်းပရာ  မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သူကိုကိုက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက သင်တန်းတွင် ထူးချွန်ဆု ရရှိသူများအား ဆုများချီးမြှင့်သည်။

ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး  ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးနေထက်ရှိန်က      နိဂုံးချုပ် အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁ ရက် မှ ၃၀ ရက် အထိ စာတွေ့၊ လက်တွေ့ သင်ကြား ပို့ချပေးပြီး   ကျေးရွာခုနစ်ရွာမှ သင်တန်းသား ၂၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)