ရန်ကုန် စက်တင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌ ပညာရေးငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက မှော်ဘီမြို့နယ် ပညာရေးမှူးရုံး၌ ကျင်းပသည်။
ဦးစွာ ပညာရေး ငွေစုငွေချေးသမဝါယမအသင်း သဘာပတိ ဦးကြီးလှက အမှာစကားပြောကြားပြီး တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမျိုးသက်အောင်နှင့် မြို့နယ်သမဝါယမအသင်းဦးစီးအရာရှိ ဒေါ်နွေနွေအောင်တို့က သမဝါယမအသင်း လုပ်ထုံးလုပ်နည်းများနှင့် အသင်း၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားကာ အသင်း၏ အလုပ်အမှုဆောင်အဖွဲ့အစီရင်ခံစာကို အလုပ်အမှုဆောင် ဒေါ်ခိုင်သီတာက ဖတ်ကြား၍ အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုးရ ငွေကျပ် ၁၄၅၇၀၀၀၀ ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ(မှော်ဘီ)


