နေပြည်တော် ၁၁ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းဘူတာနှင့် မှော်ဘီဘူတာကြား မီးရထားလမ်းမိုင်တိုင် (၂၅/၂၀-၁၉)ကြားရှိ တရားမဝင် ရထားသံလမ်းကူး၌ ဇန်နဝါရီ ၁၀ ရက် နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က ရထားနှင့် ထော်လာဂျီတိုက်မိ၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျွဲခေါင်းအင်းကျေးရွာနေ စောလှမျိုး (၃၀)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ နိုင်ဝင်းဦး (၁၈)နှစ် လိုက်ပါလာသော ထော်လာဂျီယာဉ်သည် ကျွဲခေါင်းအင်းကျေးရွာဘက်မှ ရန်ကုန်-ပြည် ကားလမ်းဘက်သို့ မောင်းနှင်လာစဉ် အမှတ်(၆၆)အစုန် ဥက္ကံ-ရန်ကုန် RBE ရထားနှင့် တိုက်မိခဲ့ပြီး နိုင်ဝင်းဦးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် စောလှမျိုးအား မှော်ဘီမြို့မရဲစခန်းမှ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
MDN
Ref: ရဲပြန်ကြား


