၁၃ ဖေဖော်ဝါရီ
မြောက်အိုင်ယာလန်တွင် ပြီးခဲ့သည့် ဧပြီလအတွင်းက သတင်းထောက် အမျိုးသမီးတစ်ဦးအား သတ်ဖြတ်မှုဖြင့် အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့မှ တရားစွဲဆိုခဲ့သည်။
လန်ဒန်မြို့ရှိ ဆန္ဒပြအဓိကရုဏ်းသတင်းများကို ရေးသားစဉ်တွင် အသက် ၂၉ နှစ်အရွယ် သတင်းထောက် သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဗြိတိန်နိုင်ငံမှ ခွဲထက်ရန်ကြိုးစားနေသည့် မြောက်အိုင်ယာလန်ရှိ အစွန်းရောက်များက အကြမ်းဖက်ရန် ကြံစည်မှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က သံသယရှိသူအား တရားစွဲဆိုခဲ့ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
လက်နက်ကိုင်အဖွဲ့သည့် ၁၉၉၈ ခုနှစ် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဆန့်ကျင်ပြီး အိုင်ယာလန်နိုင်ငံတွင် လူမျိုးရေးအကြမ်းဖက်မှုများကို အဆုံးသတ်ခဲ့သည်။
၁၉၆၀ခုနှစ် နောက်ပိုင်းမှစပြီး လူပေါင်း ၃၀ဝ၀ကျော် သေဆုံးခဲ့သည်။
ဇန်နဝါရီ ၃၁ ရက်နေ့တွင် ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံ ထွက်ခွာသည့်နေ့တွင် ဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ရန် အတိုက်အခံအုပ်စု၏ ကြံစည်မှုသည် ပြည်သူများ၏ လုံခြုံရေးအပေါ် စိုးရိမ်ပူပန်မှု အသစ်များဖြစ်ပေါ်စေခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


