အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မြောက်ကိုရီးယားနိုင်ငံအား စစ်ရေးအရ ဖိအားပေးမှု ပြုလုပ်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့်လည်း နီးကပ်သည့် ဆက်ဆံရေးရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာပေါ်တွင် အမေရိကန်နိုင်ငံသည် အလွန်အင်အားအကြီးမားဆုံးစစ်တပ်ကို ပိုင်ဆိုင်ထားကြောင်း လန်ဒန်မြို့တွင် ယမန့်နေ့က ထရန့်က ပြောကြားခဲ့သည်။
သို့သော်လည်း အဆိုပါ စစ်တပ်ကို အသုံးပြုရန် မလိုအပ်သေးဟု ကျွန်တော်မြင်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားတို့အကြား ရှုပ်ထွေးမှုမရှိသည့် နျူကလီးယား ဆွေးနွေးပွဲများ ရှိလာနိုင်ကြောင်း ထရန့်က ပြောကြားခဲ့သည်။
ယခုနှစ်ကုန်ဆွေးနွေးမှုများအတွက် မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ တင်းမာမှုများကို ကျော်လွှားရန် အစီအစဉ်များကို တင်ပြရန် မြောက်ကိုရီးယားအား တိုက်တွန်းခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


