၉ ဒီဇင်ဘာ
ပြီးခဲ့သည့် စနေနေ့က ကြီးကျယ်သောစမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော် ပြောဆိုခဲ့သည့် စက်ရုံ၏ ပုံရိပ်သစ်များကို ဖမ်းယူရရှိခဲ့ကြောင်း အန်အတ်ချ်ကေက ဖော်ပြခဲ့သည်။
စနေနေ့က ရိုက်ကူးထားသည့် ယာဉ်နှင့်တူသည့် အရာဝတ္ထုများကို ရိုက်ကူးထားသည့် ဂြိုလ်တုပုံတစ်ပုံရှိ ကြောင်း Middlebury အပြည်ပြည်ဆိုင်ရာ လေ့လာရေးအင်စတီကျု့က ပြောကြားခဲ့သည်။
နောက်တစ်နေ့တွင် စမ်းသပ်ရာနေရာအနီးရှိ အရာဝတ္ထုများမှာ ပျောက်ဆုံးသွားခဲ့ပြီး စမ်းသပ်ရာနယ်မြေ ကို ဖောက်ခွဲလိုက်ပုံပေါ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် ဒုံးပျံအင်ဂျင်တစ်ခုကို စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း the East Asia Nonproliferation အစီအစဉ်မှ ဒါရိုက်တာ ဂျက်ဖရီလော့ရစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


