၉ မတ်
မြောက်ကိုရီးယားနိုင်ငံမှ ဒုံးကျည်သုံးစင်းပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ စစ်ဉီးစီးချုပ်များက ပြောကြားခဲ့သည်။
ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပြီးခဲ့သည့်အပတ်က တာတိုပစ်ဒုံးကျည်နှစ်စင်းပစ်ခတ်ပြီး တစ်ပတ်အကြာ ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ နံနက်ပိုင်းက ဆိုးဂျော့မြို့အရှေ့ဘက်မှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်မှ ပြောကြားခဲ့သည်။
၎င်းဒုံးကျည်များသည် ဂျပန်ပင်လယ်ပြင်အတွင်းသို့ ပစ်ခတ်ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက ပြောကြားခဲ့သည်။
အဆိုပါ ဒုံးကျည်များသည် တာတိုပစ်ဒုံးကျည်များဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်တနင်္လာနေ့က မြောက်ကိုရီးယားနိုင်ငံသည် ဒုံးကျည်နှစ်စင်းပစ်လွှတ်ခဲ့ပြီးနောက် ယခုနှစ်အတွင်း ပိုဝေးသည့် နေရာကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံသည် အနည်းဆုံး ဒုံးကျည်တစ်စင်းပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပူးတွဲစစ်ဉီးစီးချုပ်က ပြောကြားခဲ့သည်။
ပစ်လွှတ်လိုက်သည့် ဒုံးကျည်နှစ်စင်းသည် တာတိုပစ်ဒုံးကျည်များဖြစ်ကြောင်း အိမ်နီးချင်းနိုင်ငံများက ပြောကြားခဲ့ပြီး နောက်ဆုံးပစ်ခတ်မှုမှာ ရက်အနည်းငယ်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်


