ကျောက်ဖြူ         ဧပြီ

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှ တိမ်ညိုရဲကင်းစခန်းမှူး ရဲအုပ် ကျော်ကျော်လှသည် ၂၃--၂၀၁၉ ရက်နေ့ ညနေ နာရီ ၁၅ မီနစ်အချိန်တွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရာ ကျန်ရစ်သူမိသားစုအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက်  နာရီ ၄၅ မိနစ်အချိန်တွင် ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန့်ဇင်ဦးနှင့်ဇနီး ဒုခရိုင်ရဲ တပ်ဖွဲ့မှူး ရဲမှူး မင်းသန်း ကျောက်ဖြူမြို့မစခန်းမှူး ဒုရဲမှူး ကျော်ဇော် ဒုတိယရဲအုပ်လောင်း အမှတ်စဉ် (၆၅/၂၀၀၈)မှ ရဲအုပ်ခင်မောင်ဝင်း ရဲအုပ် အောင်ကျော်နိုင်နှင့် ရဲအုပ်ကျော်ကျော်လှ၏ ဇနီး ဒေါ်အေးသိန်းရွှေတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှူးမှ ရဲအုပ် ကျော်ကျော်လှ၏ကျန်ရစ်သူမိသားစုအား ဝမ်းနည်းစကား နှင့် အားပေးစကားများပြောကြားခဲ့ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်း နှင့်ဇနီးမှ ထောက်ပံ့ငွေ (၁၀၀၀၀၀) ကျပ် ဒုတိယရဲမှူး ကြီး သန့်ဇင်ဦးနှင့်ဇနီးမှ ထောက်ပံ့ငွေ (၅၀၀၀၀)ကျပ် ဒုတိယရဲလောင်း အမှတ်စဉ် (၆၅/၂၀၁၈)မှ သူငယ်ချင်းများနှင့် ပြင်ပအလှူရှင် များမှ ထောက်ပံ့လှူဒါန်းငွေ (၆၃၂၀၀၀၀)ကျပ် စုစုပေါင်း (၆၄၇၀၀၀၀) ကျပ်တိတိကို ထောက်ပံ့ လှူဒါန်းခဲ့ရာ အလှူရှင်များ၏ ကိုယ်စား ဒုတိယရဲမှူးကြီး သန့်ဇင်ဦးနှင့်ဇနီး ရဲအုပ်ခင်မောင်ဝင်း နှင့် သူငယ်ချင်းများမှ ရဲအုပ် ကျော်ကျော်လှ၏ဇနီး ဒေါ်အေးသိန်းရွှေထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

အောင်သန်းနိုင်(ပြန်/ဆက်)