မြောက်ဦးမြို့နယ် မောင်နှမကျေးရွာတွင် ခမီတိုင်းရင်းသားရိုးရာကောက်သစ်စားပွဲ ကျင်းပ

မြောက်ဦး ၂၆ နိုဝင်ဘာ  

 

ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခမီတိုင်းရင်းသားများမှ နှစ်စဉ်နှစ်တိုင်း မိမိတို့၏ ရိုးရာကောက်သစ်စားပွဲတော်ကို ယခုအခါ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ် မောင်နှမကျေးရွာ အတွင်းရှိ ဦးညိုဝင်းမောင်၏ လယ်ကွင်းအတွင်း၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ ကောက်သစ်စားပွဲတော်ကို ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းဉက္ကဋ္ဌ ဦးလေကျော်အောင် ဦးဆောင်မှုဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပရာ  ရခိုင်ပြည်နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်ရွှေနှင့် ဖိတ်ကြားထားသည့်ဧည့်သည် တော်များတက်ရောက်ခဲ့ကြသည်။

 

 

ထို့နောက် ခမီတိုင်းရင်းသားရိုးရာ ကောက်သစ်စားပွဲတော်အဖြစ် ဦးရွှေသာအောင်က ဆုတောင်း ခြင်း၊ ဝါးပန်းဖွားတိုင်စိုက်ထူခြင်း၊ ပစ္စည်းများစုံညီစွာထည့်ထားသော (ကဆီပါတောင်း)၊ ခေါင်ပြန်ရေ စသည့်များဖြင့်တက်ရောက်လာသူများကို ကျေးမွေးဧည့်ခံကြပြီးနောက် ခမီတိုင်းရင်းသား၊တိုင်းရင်းသူ လေးများက ခမီရိုးရာ အကအလှများဖြင့်ကပြဖျော်ဖြေခဲ့ကြောင်းသတင်းရရှိသည်။

 

မြောက်ဦးခရိုင်ပြန်/ဆက်