မြောက်ဦး ၂၇ မတ်
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်သို့ နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကာ ခိုလှုံရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မေလ ၂၆ ရက် မွန်းလွဲပိုင်းက ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမောင်လှနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ တိုက်ပွဲရှောင်စခန်းများ ဖွင့်လှစ်ထားသော နေရာ ၄ ခုသို့ သွားရောက်ပြီး နောက်ထပ်အသစ် ထပ်တိုးရောက်ရှိလာသော တိုက်ပွဲရှောင် ပြည်သူများထံသို့ ကယ်ဆယ်ရေး ပစ္စည်းများကို ပေးအပ်ခဲ့သည်။
ထို့နောက် ကြက်ခြေနီ တပ်ဖွဲ့ဝင်များသည် မြောက်ဦးမြို့နယ် တိုက်ပွဲရှောင် ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားသော သျှစ်သောင်းဘုရား ဘုန်းတော်ကြီးကျောင်း၌ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၉)စု၊ မြတန်စောင်း ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းသို့ လာရောက်ခိုလှုံသော အိမ်ထောင်စု (၁၅)စု၊ လက်ကောက်ဈေး ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ လာရောက် ခိုလှုံသော အိမ်ထောင်စု (၂၂) စု၊ ဘုရားပေါ် ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းသို့ လာရောက်ခိုလှုံသော အိမ်ထောင်စု (၁၆) စု၊ စုစုပေါင်းထပ်တိုး အိမ်ထောင်စု (၇၂) စုတို့အတွက် ကျန်းမာရေးသုံး ပစ္စည်းများပါဝင်သည့် Kid ဘူး (၃)ဘူးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကြက်ခြေနီ အသိပညာပေး ဟောပြောမှုများပြုလုပ်ပေးခဲ့ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။
MDN


