မြောက်ဦး ၂၈ မတ်

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်အတွင်း ဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများသို့ တိမ်းရှောင်ခိုလှုံရောက်ရှိလာသော ပြည်သူများကို မြောက်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနက ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ရွေ့လျားဆေးခန်းများဖွင့်လှစ်ကာ အခမဲ့သွားရောက် ဆေးကုသပေးလျှက်ရှိကြောင်း သိရသည်။

ထို့နောက် ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်နှင့် ကျန်းမာရေးဝန်များသည် မြောက်ဦးမြို့နယ်တွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများဖြစ်သည့် သျှစ်သောင်း၊ လက်လောက်ဈေး၊ မြတန်စောင်း၊ တိမ်ညို (ရွာသစ်) အစရှိသည့် တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်းများ(၁၂)ခုသို့ ရွေ့လျားဆေးခန်းများဖွင့်လှစ်ကာ နေ့စဉ် အခမဲ့ကွင်းဆင်း သွားရောက်ဆေးကုသပေးနေပြီး ယခုအချိန်ထိဆေးကုသအကြိမ်ရေ (၁၈၃)ကြိမ်ထိ ရှိလာပြီးဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းများရှိ ကျန်းမာရေးချို့တဲ့ ဆေးကုသခံလူနာဦးရေမှာ ကျား(၁၄၆၅)ဦး၊ မ(၂၀၉၅) ဦးနှင့် ဆေးကုသခံလူနာစုစုပေါင်း ၃၅၆၀ အထိရှိကြောင်း မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သတင်းရရှိသည်။

MDN

 

mdn