မြောက်ဦး ၃၁ မတ်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်းသို့ နှစ်ဘက်ပစ် ခတ်မှုတိုက်ပွဲများကြောင့် နေရပ်ကိုစွန့်ခွာပြီး ခိုလှုံရောက်ရှိလာသောပြည်သူများအတွက် ထောက်ပံ့ ပစ္စည်းများပေးအပ်ခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က အဆိုပါ ကယ်ဆယ်ရေး စခန်း၌ ပေးအပ်ခဲ့သည်။
မြောက်ဦးခရိုင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်နန်းမိုးနွယ်နှင့် ဝန်ထမ်းများမှ နှစ်ဘက်ပစ်ခတ်မှုတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာလာကာ ထမ္မရာဇ်ကယ်ဆယ်ရေးစခန်းသို့ နောက်ထပ်အသစ်ခိုလှုံရောက်ရှိ လာကြသော အိမ်ထောင်စုဝင် (၂၂)ဦးတို့အတွက် ကျားလုံချည်(၂၂)ထည်၊ မလုံချည်(၂၂)ထည်၊ တဘက်(၂၂)ထည်၊ တီရှပ် (၄၄)ထည်နှင့် ဆန်(၂၆)အိတ် (၁၇) ပြည်တို့အား အဆိုပါကယ်ဆယ်ရေးစခန်းရှိ တာဝန်ခံများ ထံသို့ လက်ဝယ်ပေးအပ် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင် ပြန်/ဆက် (မြောက်ဦး)


