မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲ

 

မော်လမြိုင် မတ် ၂၆

 

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း ပြုပြင်ပြီးဖြစ်၍ မတ် ၂၅ ရက်မှစတင်ကာ ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း မော်လမြိုင် ဘူတာကြီးမှ သိရသည်။

 

မော်လမြိုင်ဘူတာကြီးမှ အမှတ်(၈၂) အစုန်ရထားသည် နံနက် ၈ နာရီခွဲတွင်လည်ကောင်း၊ အမှတ်(၈၁) အဆန်ရထား ရန်ကုန်-မော်လမြိုင်ကို နံနက် ၆ နာရီခွဲတွင်လည်ကောင်း ထွက်ခွာပြီး မော်လမြိုင်ဘူတာကြီးမှ အထက်တန်းခရီးသည် ၄၁ ဦး၊ ရိုးရိုးတန်းခရီးသည် ၄၉ ဦး စုစုပေါင်း ခရီးသည် ၉၀ ဦး လိုက်ပါစီးနင်းနိုင်သည်။

 

မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို နေ့စဉ်ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ပြီး ကြိုတင်လက်မှတ်များကို ဘူတာကြီး ရက်ကြိုလက်မှတ်ရုံတွင် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်သည်။

 

အမှတ်(၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် မော်လမြိုင်ဘူတာကြီးမှ နံနက် ၈ နာရီခွဲမှ စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာကြီးသို့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

အောင်မျိုးသူ