မုဒုံ ၂၆ ဒီဇင်ဘာ
မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာအနီး မော်လမြိုင်-သံဖြူဇရပ် လမ်းမကြီးတွင် ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ၁၀ ဦး သေဆုံးပြီး ၅ ဦး(စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာသို့ မော်လမြိုင်ခရိုင် မီးသတ်စခန်းနှင့် မုဒုံမြို့နယ် မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ စုစုပေါင်း(၁၅)ဦးအနက် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦး(စိုးရိမ်ရ)နှင့် သေဆုံးသူ ၁၀ ဦးတို့အား မေတ္တာမွန် လူငယ်ပရဟိတ လူမှုကူညီရေးအသင်းယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံနှင့် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကနဦးသတင်းအရ သိရသည်။
MDN


