မော်လမြိုင်  ၁၄ ဇန်နဝါရီ 

 

     

မွန်ပြည်နယ် မော်လမြိုင်မြို့တွင်  ယနေ့ နံနက် ၄ နာရီခန့်က မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက် နှင်းဆီ ၃ လမ်းနေ ဦးထွန်းလှ (၄၁ နှစ်) ၏ နေအိမ် မီးဖိုခန်း မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်း၍ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့​ကြောင်း သိရသည်။

 

89

 

မီးလောင်မှုဖြစ်ပွားရာသို့ မော်လမြိုင်ခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ထွန်းဝင်း ခေါင်းဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၄ နာရီမိနစ် ၂၀ ခန့်တွင် မီးငြိမ်းသွား​ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့်  ဦးထွန်းလှ (၄၁ နှစ်) ၏ ( ၃၅ × ၁၄ × ၁၅ ) ပေ၊ ပျဉ်ခင်း၊ ပျဉ်ကာ သွပ်မိုး နေအိမ်တစ်လုံးနှင့်  ဦးမော်စီ (ခ) ဦးသက်မျိုးမင်း (၅၄) နှစ်၏ ( ၄၅ × ၁၈ × ၁၅ ) ပေ၊ ပျဉ်ခင်း ပျဉ်ကာ အုတ်ညှပ် သွပ်မိုးနေအိမ်တစ်လုံး၊ စုစုပေါင်းနေအိမ်နှစ်လုံး မီးလောင်ဆှုံးရှုံးခဲ့ပြီး၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

     

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးထွန်းလှ (၄၁ နှစ်)အား မော်လမြိုင် ဇေယျာသီရိနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

       

       

မိုးသောက်(ရွှေဘို)